Posted by Burma Spaces
စင်ကာပူရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီလလယ်ကစပြီး အခုထိ လူပေါင်း (၇၂) ယောက်ကျော်ဟာ ဒီ Scam ကြောင့် စုစုပေါင်း စင်ကာပူဒေါ်လာ ၄ သိန်း ၈ သောင်းကျော် ($484,000) ဆုံးရှုံးသွားခဲ့ရပါပြီ။ ⚠️ သူတို့ ဘယ်လိုလိမ်တာလဲ? ၁။ သင့်ဆီကို "သင့်ရဲ့ Digital Token သက်တမ်းကုန်ဆုံးတော့မယ်" ဆိုတဲ့ Email ရောက်လာပါလိမ့်မယ်။ ၂။ အဲ့ဒီ Email ထဲမှာ "Update လုပ်ရန်" ဆိုတဲ့ Link တစ်ခု ပါလာပါမယ်။ ၃။ အဲ့ဒီ Link ကို နှိပ်လိုက်ရင် DBS/POSB ဝက်ဘ်ဆိုဒ်အတုထဲ ရောက်သွားပြီး သင့်ရဲ့ User ID၊ Password နဲ့ OTP တွေကို တောင်းပါလိမ့်မယ်။ ၄။ သင်ရိုက်ထည့်လိုက်တာနဲ့ သင့်အကောင့်ထဲက ပိုက်ဆံတွေ နိုင်ငံခြားငွေတွေနဲ့ လွှဲထုတ်ခြင်း ခံရတော့တာပါပဲ။ 💡 မမေ့ပါနဲ့ (Golden Rules): * ဘဏ်တွေက ဘယ်တော့မှ Link ပါတဲ့ SMS ဒါမှမဟုတ် Email မပို့ပါဘူး။ * Digital Token ကို ဘဏ်ရဲ့ Official App ထဲမှာပဲ လုပ်လို့ရပါတယ်။ အပြင် Link တွေကနေ ဘယ်တော့မှ မလုပ်ပါနဲ့။ * ဘယ်သူ့ကိုမှ (ဘဏ်ဝန်ထမ်းဆိုရင်တောင်) မိမိရဲ့ OTP ကို မပြောပါနဲ့။ ✅ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်မလဲ? * ScamShield App ကို ဖုန်းထဲမှာ ထည့်ထားပါ။ * Internet Banking ထဲမှာ Transaction Limit (တစ်နေ့တာ သုံးစွဲငွေပမာဏ) ကို လျှော့ထားပါ။ * သံသယရှိရင် DBS Fraud Hotline: 1800-339-6963 ကို ချက်ချင်းဖုန်းဆက်ပါ။ “ကိုယ့်ရဲ့ ချွေးနှဲစာလေးတွေ မပါသွားအောင် အမြဲသတိရှိကြပါ" ဒီသတင်းကို မသိသေးတဲ့သူတွေ အများကြီးရှိနိုင်ပါတယ်။ credit: Straits Times https://www.straitstimes.com/singapore/scam-tracker-what-are-the-trends-in-singapore-and-how-much-money-has-been-lost-in-2026?ref=stop-scams